
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်၊ ဂွေးစီးကျေးရွာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့ ၊နံနက်(၁၀၀၀)နာရီချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ပျော်ဘွယ်မြို့နယ်တတာဝန်ခံ ဦးစန်းအောင်၊ ဒု-ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများလုပ် ဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့််တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုမျာအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကိုဝယ်ယူသုံးစွဲရာတွင် မိမိတို့ ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊ DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျေးရွာနေပြည်သူ (၇၅)ဦးခန့်တက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကိုမွန်းလွဲ (၁၅း၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)