သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဈေးသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  (၁၀-၉-၂၀၂၅) ရက်နေ့ ၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဈေးရှိ  ကုန်စုံဆိုင်များတွင်          ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ပြဌာန်းချက်နှင့်အညီ  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်ပစ္စည်း များအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် ကုန်စည်များအားရောင်းချလျက်ရှိသော ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများ ကောက်ခံခြင်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)