ရွှေသံဖြူဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ဓနုဖြူမြို့နယ် ရွှေသံဖြူဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်          ၁၄-၉-၂၀၂၅   နံနက် ၁၀ နာရီက စားသုံးသူအသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။

       ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေး ရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးက စားသုံးသူ ကာကွယ်ရေး ဥပဒေအကြောင်း၊ စားသုံးသူပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူ အခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် ကုန်စည်ဝန်ဆောင်မှုများအပေါ်တွင် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်​ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူ၏ တာဝန်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

    ထို့နောက် တက်ရောက်လာကြသည့် နည်းပြဆရာမများ၊ ကျောင်းသား၊ကျောင်းသူ(၁၁၇)ဦးက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)