မအူပင်မြို့နယ် ရေခဲစက်လုပ်ငန်းများ အား ကွင်းဆင်းလေ့လာ စစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ရှိ ရေခဲစက်လုပ်ငန်းများသို့  စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများက ၁၄-၉-၂၀၂၅ ရက်နေ့ ၁၁နာရီအချိန်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

         ကွင်းဆင်း စစ်ဆေးရာတွင် မအူပင်ရေခဲ့စက် လုပ်ငန်းရှင်များကို မအူပင်ခရိုင်ဒုခရိုင်ဦးစီးမှူးက ရေခဲ့စက် ထုတ်လုပ်မှုလုပ်ငန်းအခြေအနေများကို မေးမြန်းခြင်း၊ တစ်နေ့ရေခဲ ထုတ်လုပ်နိုင်မှု အခြေအနေများ၊ ရေခဲရောင်းချမှု အခြေအနေများကို မေးမြန်းခြင်း၊ ရေခဲထုတ်လုပ်ရာတွင် ရေသန့်ကိုအသုံးပြုထုတ်လုပ်ရန်၊ ဝယ်ယူအသုံးပြုသူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေးကို ဦးစားပေးထုတ်လုပ်ရန်၊ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ဆွေးနွေးခြင်း၊ ဈေးကွက်မရောက်မီကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်မှု ရှိစေရေး ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များကို အသိပညာပေး ဆွေးနွေးခဲ့ပြီး မအူပင်မြို့နယ် ရေခဲစက်လုပ်ငန်း ၅ခုသို့ ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)