
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးဇော်မင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကျေနပ်မှု ရရှိစေရေး၊ အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ သုံးစွဲနိုင်စေရေး၊ ဘေးအန္တရာယ်ရှိ သောကုန်စည်များ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်သွားစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းလုပ်ငန်း များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန စသည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၀.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ စတိုးဆိုင်များတွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ရောင်းချနေသောကုန်စည်များတွင် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ (ခ)နှင့် (ဆ)ပါအချက်အလက်များ မြန်မာစာဖြင့် မဖြစ်မနေ ဖော်ပြပါဝင်မှု ရှိ/မရှိစစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ ဥပဒေပါပြဌာန်းချက်များ နှင့်ကိုက်ညီမှုရှိ/ မရှိနှင့် အခန်း(၁၈)ပါ အခြားသောအချက်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါဝင်ခြင်း ရှိမရှိ စစ်ဆေးခဲ့ ကြပြီး လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသော ကုန်စည်များအား ရောင်းဝယ်မှုမပြုရန်၊ စားသုံးသူအား ထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်သောကုန်စည်များနှင့် ရောင်းချမှုများ မပြုလုပ်ကြရန်၊ သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများက စားသုံးရန်နှင့်သုံးစွဲရန်မသင့်ကြောင်း သတ်မှတ် ထုတ်ပြန်ထားသော ကုန်စည်များကို ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက ဥပဒေများနှင့်အညီ စစ်ဆေးအရေးယူမှုများ ခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)