
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ၁၀.၉.၂၀၂၅ နံနက်ပိုင်းတွင် မအူပင်မြို့ပေါ်ရှိ အလှကုန်ပစ္စည်းများ ရောင်းချနေသော အလှကုန်ဆိုင် (၇) ဆိုင် သို့သွားရောက်၍ ကုန်စည်များပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း ၁၈ ပါ ပြဌာန်းချက်များအရ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စျေးကွက်အတွင်းထုတ်လုပ်တင်သွင်းရောင်းချလျက်ရှိသော အလှကုန်ပစ္စည်း အမျိုးမျိုးပေါ်တွင် ကုန်အညွှန်အမှတ်အသား ဖော်ပြရမည့်အချက်များ ရှိမရှိ၊ အလှကုန်ပစ္စည်းများ စားသုံးသူ က စမ်းသပ်စစ် ဆေးခွင့် ရှိမရှိ မေးမြန်းခြင်း၊ တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခွင့် မရှိကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တာဝန်များမှ စားသုံးသူအပေါ် ခွဲခြားဆက်ဆံရောင်းချခြင်း မရှိရန် စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေး ဥပဒေ ပုဒ်မ (၄၃)အရ ကုန်အညွှန်းအမှတ် အသားများ ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့) တစ်ခုထက်ပို၍ဖြစ်စေ တွဲလျက် ဖော်ပြရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
DOCA(ဧရာဝတီ)