ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး သင်တန်းဆင်းပွဲကျင်းပ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ကန့်ဘလူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာ နက ကြီးမှူးဖွင့်လှစ်သည့် စက်မှုလုပ်ငန်းရှင်များ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပြန့် ပွားရေးသင်တန်းဆင်းပွဲကို စက်တင်ဘာလ ၁၀ ရက် နံနက်(၁၀)နာရီက အဆိုပါရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးမျိုးဝင်းသန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

     အခမ်းအနားတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ခံ ဦးညီညီစိုးက သင်တန်း ဆင်းအမှာစကားပြောကြားပြီး သင်တန်းတွင် ဆွေးနွေးပို့ချသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းတွင် ဆန်စက်၊ ဆီစက်၊ စက်သုံးဆီ ဆိုင်၊ ကျောက်ခွဲစက် စသည့် စက်မှုလုပ်ငန်းရှင် ၂၀ ဦးခန့်တက်ရောက်ပြီး သင်တန်းကာလ သုံးရက် အတွင်း ပတ်ဝန်းကျင်အရည်အသွေးစံချိန်စံညွှန်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေး၊ စားသုံးသူကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ စက်ရုံအလုပ်ရုံများတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုး များ အရည်အသွေးပြည့်မီရေးနှင့် စနစ်တကျဆောင်ရွက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ဆွေးနွေးပို့ချခဲ့ကြောင်း၊ စက်မှုလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနယ် ပယ်တွင်သာမက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများဖြစ်ပေါ် နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)