၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီယားဓါတ်မြေဩဇာ၊ ဆီထွက်သီးနှံ(နေကြာ၊ နှမ်း) မျိုးစေ့နှင့် စက်မောင်းဆီ သွင်းအားစုများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား ဆောင်ရွက်

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၀)ရက်နေ့ ၊ နေ့လယ်(၁၃း၀၀)နာရီအချိန်၊ စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌  ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီယားဓါတ်မြေ ဩဇာ၊ ဆီထွက်သီးနှံ(နေကြာ၊နှမ်း) မျိုးစေ့နှင့် စက်မောင်းဆီ သွင်းအားစုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းစိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင် အဆင့်ဌာနဆိုင်ရာများနှင့် တောင်သူများ  တက်ရောက်ခဲ့ပါသည်။

     အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးမှ ဓါတ်မြေဩဇာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ ဆက်လက်၍  စစ်ကိုင်း ခရိုင်၊ စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကောင်စီဥက္ကဌမှ စစ်ကိုင်းခရိုင်အတွင်း ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ တောင်သူများကို  ယူရီယားဓါတ်မြေဩဇာ၊ ဆီထွက် သီးနှံ (နေကြာ၊ နှမ်း) မျိုးစေ့နှင့် စက်မောင်းဆီ သွင်းအားစုများ ပေးအပ်ချီးမြှင့်ခဲ့၍   တက်ရောက်လာသော တောင်သူ တစ်ဦးမှ အခုလိုပေးအပ်တဲ့အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး နေ့လယ် (၁၄း၀၀) အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)