
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် ဟင်္သာတမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရုံးလမ်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှုးများ တက်ရောက်သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ လဝက်လုပ်ငန်းညှိနှိုင်းအစည်းဝေး တက်ရောက်ခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုအစည်းအဝေးတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဌာန၏ လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား ဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေ အနေများ၊ ဌာနမှကြီးကြပ်၍ စစ်ဆေးဆောင်ရွက်နေမှုများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ ဆက်လက်၍ ဌာန၏ လက်ရှိဆောင်ရွက်နေသော ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များ အကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ကျေးရွာအတွင်း ကုန်စုံဆိုင်များမှတစ်ဆင့် ပြည်သူများထံ စားသုံးဆီဖြန့်ဖြူးရောင်းချနေမှု့အပေါ် မသမာသောနည်းလမ်းဖြင့် ပါဝင်ပတ်သတ် ရောင်းချခြင်းမပြုရန်၊ စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေးရှင်းလင်းဆွေးနွေးခြင်း၊စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICCဖွင့်လှစ်ထား ရှိမှုအခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို လည်းကောင်း စသည်တို့ကိုအသိပညာပေး ဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။
(DOCA ဧရာဝတီ)