လေးမျက်နှာမြို့နယ် “ရွှေစင်ဖြိုး”မိုဘိုင်းဖုန်းနှင့်ဖုန်းအပိုပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၅.၉.၂၀၂၅)ရက်နေ့ နေ့လည် (၁၂:၃၀)အချိန်တွင် ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာ၊ ရန်ကြီးအောင်မြောက်ရပ်ကွက်ရှိ “ရွှေစင်ဖြိုး” မိုဘိုင်းဖုန်းနှင့် ဖုန်းအပိုပစ္စည်း အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  ထုတ်ပိုးသည့် ကုန်စည်ပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည် များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြ ခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊  သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ ကြော်ငြာထားသည့် ဈေးနှုန်း၊ အရည်အသွေး၊ ဝန်ဆောင်မှုများနှင့်အညီ ဆောင်ရွက်စေရေး၊ ပြေစာ (သို့မဟုတ်)အထောက်အထားများပေးအပ်ရန်အသိပညာပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံ ချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို  အရောင်းပိုင်ရှင် ဦးအောင်ကျော်မြင့်နှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရှိ ရပါသည်။

(DOCA ဧရာဝတီ)