
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယည်ထွန်းသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၅) ရက်၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် မြန်အောင်မြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် မြန်အောင်မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချသော ဘိလပ်မြေများသည် စက်ရုံမှ တိုက်ရိုက်ဝယ်ယူရောင်းချလျက်ရှိပြီး၊ ယခုအခါ စက်ရုံများ မှ စက်ပစ္စည်းများချို့ယွင်းပျက်စီးမှုကြောင့် ဘိလပ်မြေအနည်းငယ် ပြတ်လပ်မှုကြောင့် ဈေးနှုန်းအနည်း ငယ်မြင့်တက်လာကြောင်း၊ အခြားသော အိမ်ဆောက်ပစ္စည်းများမှာ ယခင်ကာလတူဈေးနှုန်းနှင့်နှိုင်းယှဉ် ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)