
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် လေးမျက်နှာမြို့နယ် တာဝန်ခံသည်(၁၂.၉.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ် ပိန်းအင်း ကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာ၊ အုပ်ချုပ်ရေးမှူးနေအိမ်၌ စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးဝင်းအောင်မှ ကုန်စုံဆိုင်လုပ်ငန်းရှင်များမှတစ်ဆင့် အိမ်ထောင်စု များအား ဆီရောင်းချရာတွင် စနစ်တကျဖြန့်ခွဲပေးနိုင်ရေး၊ စားအုန်းဆီရောင်းချသော ကုန်စုံဆိုင်များ တွင် သတ်မှတ်ရည်ညွှန်းဈေးပါ ဗွီနိုင်းများကို ဆိုင်ရှေ့တွင် ချိတ်ဆွဲထားရန်၊ ကုန်စည်နှင့်စပ် လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ဈေး နှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်းဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့် အကြောင်းတို့ကို အသိပညာပေးဟော ပြောခဲ့ပြီး စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များဘက်မှလည်းသိလိုသည်များမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)