ပန်းတနော် ဝဲဒေါင့်ကျေးရွာတွင် GW-11 စပါးရိတ်သိမ်းထွက်ရှိ

Powered by Drupal

   ပန်းတနော်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးစပါးဧက (၁၄၁၂၄၄) စိုက်ပျိူးပြီးစီးလျက်ရှိပြီး ၂၀၂၅ စက်တင်ဘာလ ၁၃ရက်နေ့တွင် ပန်းတနော်မြို့နယ် ကွင်းအမှတ် ၅၆၆ တွင် GW-11 စပါးရိတ်သိမ်းနေပြီးဖြစ်ကြောင်း နယ်မြေကွင်းဆင်းချက်များအရ သိရသည်။

    ရိတ်သိမ်းထွက်ရှိမှု အခြေအနေမှာ GW-11 စပါး ၁ဧက စိုက်ပျိုးထွက်ရှိမှုမှာ တင်း ၅၀-၆၀ကြား ထွက်ရှိကြောင်း၊ စပါးလက်ကရှိကွင်းဈေး တင်း၁၀၀ အနေဖြင့် (၉၇၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ စပါးရိတ်သိမ်းမှု ကုန်ကျစရိတ်အနေဖြင့် ၆၇၀၀၀၀ကျပ် ကုန်ကျကြောင်း၊ လက်ရှိစပါးများရိတ်သိမ်းပြီး ချွေလှေ့ နေလှန်းအခြောက်ခံကာ မြို့နယ်အတွင်း စက်များသို့ ရောင်းချကြိတ်ခွဲသွားမည်ဖြစ်ကြောင်း စိုက်ပျိုးသူတောင်သူထံမှ သိရသည်။

DOCA(ဧရာဝတီ)