
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစားသောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်သားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။
၂၀၂၅ ခုနစ်၊ စက်တင်ဘာလ ဒုတိယအပတ်၏ သားဝက်ဈေးနှုန်းများ အနေဖြင့် ဝက်သားရှယ် (အသားသီးသန့်) လက်လီ တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ဝက်သား(ပေါင်သား) လက်လီ တစ်ပိဿာလျှင်(၃၃၀၀၀)ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား) လက်လီ တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ဝက်သား ဝမ်းတွင်းကလီစာ လက်လီ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ် နှင့် ဝက်သား(မေးဖျား၊ နားရွက်) တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဝက်သွေးခဲ(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ ဝက်ရိုးအကြမ်း တစ်ပိဿာ (၁၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဝက်သားရောင်းချထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)