
ကျွန်းလှမြို့ရှိ ရပ်ကွက်ဈေးများအတွင်းရှိ ဈေးဆိုင်များတွင် ပဲပုတ် ပဲငပိများကို မိမိတို့ဒေသထွက် ကိုယ်တိုင်လုပ်ရောင်းခြင်းနှင့် ကာဘိုးကျေးရွာတို့ မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်းရှိ ဈေးဆိုင်များတွင် ဖြစ်ပေါ်နေသော ပဲပုတ် ပဲငပိ ဈေးနှုန်းအနေဖြင့် ပဲပုတ် ပဲငပိ လက်လီ တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၅၀၀) ကျပ် နှင့် ပဲပုတ်ပဲငပိခြောက် ဈေးနှုန်းအနေဖြင့် ပဲပုတ် ပဲငပိခြောက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် ပဲပုတ် ပဲငပိခြောက် (၁၀)ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)