
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား ဝါရင်းမှိုများကို ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကြသလို ဝါရင်းမှိုများကို ကျွန်းဖက်၊ ငှက်ပျောဖက်တို့ဖြင့်ထုတ်၍ စက်တင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ဝါရင်းမှိုပေါင်းထုတ် ဈေးနှုန်းအနေဖြင့် ဝါရင်းမှိုပေါင်းထုတ် တစ်ထုတ်လျှင်(၈၀၀)ကျပ်၊ (၂)ထုတ်လျှင် (၁၅၀၀)ကျပ်၊(၁၀)ထုတ်လျှင်(၇၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ အလားတူပင် ကန်ဇွန်းရွက် ဟင်းပေါင်းထုတ် ဈေးနှုန်းအနေဖြင့် ကန်ဇွန်းရွက်ဟင်းပေါင်းထုတ် တစ်ထုတ်လျှင်(၅၀၀)ကျပ်၊ ငွေကျပ် (၂၀၀၀)ဖိုး(၅)ထုတ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် ဝါးရင်းမှိုပေါင်းထုတ် တစ်ထုတ်လျှင်(၂၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)