မုံရွာမြို့တွင် ရောင်းချနေသော  ထောပတ်သီး ဈေးနှုန်းဈေးကွက်

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးနှင့် သံလမ်းဈေးအတွင်းတွင်  ထောပတ် သီးများ ရောင်းချ လျက်ရှိကြောင်း  သိရှိရပါသည်။

    ဈေးကွက်အတွင်းရောင်းချနေသော ထောပတ်သီးများကို ပြင်ဦးလွင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း )  တောင်ကြီး၊ ဟိုပုံ၊ ညောင်‌ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်း ကြပါသည်။

    ယခု စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ ထောပတ်သီးအသေး (၁)လုံး လျှင် (၈၀၀) ကျပ်၊ ထောပတ်သီးအလတ်(၁)လုံးလျှင် (၁၀၀၀) ကျပ်နှင့် ထောပတ်သီးအကြီး (၁)လုံးလျှင် (၁၂၀၀ မှ ၁၃၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ရှိပြီး ထောပတ်သီးဖျော်ရည်တစ်ခွက်လျှင် (၃၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ထောပတ် သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)