ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် ဂေါ်ရခါးသီးနှင့် သခွားသီးဈေးနှုန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒေသထွက်သီးနှံများအပြင် ဂေါ်ရခါးသီးများနှင့် သခွားသီးများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းအဝယ်ဖြစ်သည့် ဂေါ်ရခါးသီးဈေးနှုန်းများမှာ  အလုံးကြီး(၁)လုံးလျှင်(၇၀၀)ကျပ်၊  အလတ်(၁)လုံးလျှင်(၆၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ သခွားသီးအကြီး(၁)လုံးလျှင် (၅၀၀)ကျပ်၊ အသေးတစ်လုံး လျှင်(၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုတတိယပတ်အတွင်း ဂေါ်ရခါးသီးတစ်လုံးလျှင် (၂၀၀)ကျပ်ဈေးနှုန်း မြင့်တက်လာ ကြောင်း ကုန်စိမ်းသီးနှံမျိုးစုံရောင်းချသည့်  လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။       

DOCA(စစ်ကိုင်း)