
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မဈေးတွင် ဘုရားပန်းအမျိုး၊ အလှဆင်းပန်းအမျိုးမျိုးနှင့် စကားဝါပန်း၊ စကားဖြူပန်းများကို ရောင်းချလျက်ရှိကြောင်း သိရသည်။ စကားဝါပန်းနှင့် စကားဖြူပန်းမျိုးမှာ အပင်ကြီးဖြစ်သော်လည်း စိုက်ပျိုးရေးနည်းပညာများ ခေတ်မီလာသည်နှင့်အညီ စကားဝါပန်း၊ စကားဖြူပန်းပင်များကို ကိုင်းကူးမျိုးစပ်ကာ အိမ်တွင်းအလှစိုက်ပင်အဖြစ် စိုက်ပျိုးလာကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ပန်းဈေးကွက်၌ ဖြစ်ပေါ်နေသော စကားဝါပန်းဈေးနှုန်းမှာ စကားဝါပန်း(၁)ကုံးလျှင်(၄၀၀)ကျပ်၊ စကားဝါပန်း(၂)ကုံးလျှင် (၇၀၀)ကျပ်၊ စကားဖြူပန်းသည် အဝင်နည်းသည့်အတွက် (၁)တစ်ကုံးလျှင်(၅၀၀)ကျပ်၊ စကားဖြူ ပန်း(၃)ကုံးလျှင် (၁၃၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စက်တင်ဘာဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စကားဝါပန်းဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း ပန်းမျိုးစုံရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)