
ရေကြည်မြို့နယ်အတွင်းရှိ သီဟိုဠ်စေ့ဈေးကွက်သည် စက်တင်ဘာလအတွင်း အရောင်း အဝယ်စည်ကားလျက်ရှိပြီး ဒေသထွက်သီဟိုဠ်စေ့များကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ရေကြည်မြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း သီဟိုဠ်စေ့ထုတ်လုပ်မှုအချက်အချာဒေသအဖြစ် ရပ်တည်နေပြီး မိုးရာသီတွင် စိုက်ပျိုးထုတ်လုပ် သည့် သီဟိုဠ်စေ့များကို စက်တင်ဘာလမှ စတင်၍ ဈေးကွက်သို့ စတင်တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။
ဒေသထွက်သီဟိုဠ်စေ့ (ကုန်ချော) တစ်ပိဿာ - ကျပ် ၆,၅၀၀ မှ ၆,၈၀၀၊ အရည်အသွေး မြင့် သီဟိုဠ်စေ့ တစ်ပိဿာ - ကျပ် ၇,၀၀၀ မှ ၇,၅၀၀ ပြည်တွင်းသုံး သီဟိုဠ်စေ့ တစ်ပိဿာကျပ် ၆,၀၀၀ မှ ၆,၃၀၀ ဈေးနှုန်းများမှာ သီဟိုဠ်စေ့၏အရည်အသွေး၊ အဆင့်အတန်းနှင့် ရောင်းချသည့် နေရာဒေသအလိုက် ကွဲပြားမှုရှိနိုင်ကြောင်း သိရပါသည်။ ရေကြည်မြို့နယ်တွင် သီဟိုဠ်စေ့ကို ဝယ်ယူသည့်ပွဲရုံပိုင်ရှင်များက ဒေသခံတောင်သူများထံမှ ဝယ်ယူပြီး ကုန်ချောအဖြစ်ပြုလုပ်ကာ ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချကြကြောင်း သိရပါသည်။ မြို့နယ်အတွင်းရှိ ကုန်သည် များနှင့် စားသုံးသူများကလည်း ဒေသထွက်သီဟိုဠ်စေ့များကို ဝယ်ယူသုံးစွဲလျက်ရှိကြောင်း သိရပါသည်။
ယခုလက်ရှိတွင် ဈေးကွက်အတွင်း သီဟိုဠ်စေ့များ ဝင်ရောက်မှုနှုန်းမှာ ကောင်းမွန်နေပြီး ဝယ်လိုအားလည်း မြင့်မားနေသောကြောင့် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ထွက်ကုန်များကို ပွဲရုံပိုင်ရှင်များထံသို့ တိုက်ရိုက် ရောင်းချခြင်း၊ မြို့နယ်အတွင်းရှိဈေးများတွင် ရောင်းချခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိ ရပါသည်။ သီဟိုဠ်စေ့ဈေးကွက်ကောင်းမွန်မှုကြောင့် ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အလုပ်အကိုင်ရရှိမှု အဆင်ပြေလျက်ရှိပြီး ဒေသစီးပွားရေးအတွက် အထောက် အကူပြုလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)