
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနှင့် ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယ ဦးစီးမှူး ဒေါ်ရီရီထွေးသည် (၁၇.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် အွန်လိုင်းစနစ် ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး (Talk Show)တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ အကြီးတန်းစာရေး ဒေါ်ဇာခြည်လွင်မှ စားသုံးသူများအတွက် ဆွေးနွေးမည့် ခေါင်းစဉ်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို မေးမြန်းခဲ့ရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် လိုက်နာ ရမည်အချက်အလက်များခေါင်းစဉ်ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် မှတ်ပုံတင်လက်မှတ်ရရှိရန် ဆောင်ရွက်ရမည်အချက်များ၊ မှတ်ပုံတင်ရန်နည်းလမ်းများ၊ မှတ်ပုံတင်မည့်သူများ လိုက်နာရမည့် စည်းကမ်းများအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက Consumer Call Center ဖြစ်သည့် hotline No.1535 သို့ခေါ်ဆို၍ တိုင်းကြားနိုင်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆက်စပ်သည့် အကြောင်းအရာများသိရှိလိုပါကမေးမြန်းနိုင်ကြောင်း အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)