ဘီးလင်းမြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချနေသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

Powered by Drupal

၂၂.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် ဘီးလင်းမြို့နယ် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးခန်းမ၌ ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ်အတွင်းရှိ အွန်လိုင်းစနစ်ဖြင့် ကုန်စည်များ ရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ အွန်လိုင်းစနစ်ဖြင့် ကုန်စည်များရောင်းချရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည် များကိုသာ ရောင်းချရန်၊ စားသုံးသူများ သတိထားရမည့်အခြေခံအချက်များအား ပြည့်စုံစွာ ဖော်ပြရန်၊ လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းအတွက် လုပ်ငန်းမှတ်ပုံ တင် လျှောက်ထားကြရန်နှင့် မှတ်ပုံတင်လျှောက်ထားပါက မဖြစ်မနေပူးတွဲလျှောက်ထားရန် လိုအပ်သည့်အချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)