သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ အ‌အေးခန်းလုပ်ငန်းရှင်နှင့် တွေ့ဆုံ

Powered by Drupal

    ၂၃.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်း အချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် အ‌အေးခန်းသို လှောင်ရုံလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အအေးခန်းသိုလှောင်ရုံများတည်ဆောက်ထားရှိမှုအခြေ အနေ၊ သိုလှောင်ထားရှိမှုအခြေအနေများအား ဆွေးနွေးရာ လက်ရှိအချိန်တွင် အအေးခန်း သိုလှောင်ရုံ (၄) ခန်းကို တည်ဆောက်သိုလှောင်ထားရှိကြောင်း၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်၊ ပေါင်မြို့နယ်အလှပ်ကျေးရွာများမှ ငါးခြောက်များကို အောက်တိုဘာလမှ မေလအထိ ဝယ်ယူ စုဆောင်းကာ အအေးခန်းများ၌ သိုလှောင်ထားရှိပြီး ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ မိုးတွင်း ကာလများတွင် ထုတ်ရောင်းကြောင်း၊ ငါးခြောက်အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း၊ ယခုလက်ရှိအချိန်တွင် ငါးခြောက်များကို ထုတ်ရောင်းနေပြီးဖြစ်သဖြင့် လက်ကျန်များ လျော့နည်းနေကြောင်း၊ ပွင့်လင်းရာသီတွင် ငါးခြောက်ပိဿာချိန် ၅ သိန်း‌ကျော်ထိ သိုလှောင် ထားနိုင်ပြီး ယခုအချိန်တွင် ပိဿာ ၁ သိန်းကျော်သာ ကျန်ရှိကြောင်း၊ ငါးခြောက်များကို မွန်ပြည်နယ်အတွင်းနှင့် ရန်ကုန်မြို့များသို့ ပို့ဆောင်ရကြောင်း ဆွေးနွေးခဲ့ပါသည်။

          ယခုကဲ့သို့ ငါးခြောက်များကို အအေးခန်းသိုလှောင်ရုံများတွင် သိုလှောင်ထားခြင်းဖြင့် မှိုနှင့်ပိုးမွှားများကင်းစင်ကာ သန့်ရှင်းလတ်ဆတ်မှုရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)