မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ် တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၁၅.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လုံခြုံရေးနှင့်သတင်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

       အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင် ဦးက အဖွင့်အမှာစကားနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း၊ တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအား အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးအား နံနက်(၁၁း၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)