Thursday Talk ကျင်းပပြုလုပ်

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများ အသိပညာဗဟုသုတများရရှိစေပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်သည့်အခါတွင် ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်ဆောင်ရွတ်တတ်စေရန် တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများဖလှယ်၍ ဟောပြောဆွေးနွေးမှုများအား ရုံးလုပ်ငန်းများမပျက်စေဘဲ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပဒေနေ့တိုင်း(Thursday Talk) အသိပညာပေးဆွေးနွေးပွဲများကို တိုင်းဒေသကြီးဦးစီးမှူး၏ ဦးဆောင်မှုဖြင့် တိုင်းနှင့်ခရိုင်များအလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိရာ (၁၁.၉.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ အလှည့်ကျပါဝင်ဆွေးနွေး ဟောပြောခဲ့ပါသည်။

            ဟောပြောဆွေးနွေးမှုတွင် မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး (ဦးစီးအရာရှိ)က စာနယ်ဇင်းကျင့်ဝတ်နှင့်သတင်းဟူသည့် ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာတွင် စာနယ်ဇင်းကျင့်ဝတ်များအကြောင်း၊ မူအရလိုက်နာရမည့်ကျင့်ဝတ်များ၊ လုပ်ငန်းသဘောအရ လိုက်နာရမည့်ကျင့်ဝတ်များ၊ သတင်း၏ အဓိပ္ပာယ်နှင့် သတင်းရေးသားရာတွင် မ(၃)လုံးဖြစ်သော မြန်ရမည်၊ မှန်ကန်ရမည်၊ မျှတရမည် စသည့်အချက်များကိုလည်းကောင်း၊ လိုက်နာရမည့်အချက်များ၊ ပါဝင်ရမည့်အချက်များ၊ သတင်းရေးသားပုံရေးသားနည်းမျာ၊ ဆောင်းပါးရေးသားပုံရေးသားနည်းများ၊ သတင်းအရေအသွေးရှိ/ မရှိ စိစစ်တတ်မှုများအား ဥပမမာများဖြင့် သိရှိမြင်သာအောင် ဆွေးနွေးဟောပြောခဲ့ရာ ဟောပြောပွဲသို့ တိုင်းဒေသကြီးဦးစီးမှူးနှင့် အရာထမ်းအမှုထမ်းများ၊ ခရိုင်များမှ ခရိုင်ဦးစီးမှူးများနှင့် အမှုထမ်းအရာထမ်းများ Online ဖြင့်တက်ရောက်ခဲ့ကြပါသည်။ ယခုလို Thursday Talk အသိပညာ ပေးဟောပြောခြင်းဖြင့် ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ၊ အသိပညာဗဟုသုတများ၊ စကားပြောစွမ်းရည်များ တိုးတက်မမြင့်မားစေလာနိုင်ပြီး လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူများရရှိစေနိုင်မှာဖြစ်ပါကြောင်းနှင့် ဆက်လက်၍လည်း နှစ်ပတ်လျှင်တစ်ကြိမ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)