
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ၁၁.၉.၂၀၂၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် “Thursday Talk” အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့တိုင်းဒေသကြီး ဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် အရာထမ်း ၊ အမှုထမ်းများတက်ရောက်ခဲ့ကြပြီး ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်နှင့် မြင်းခြံခရိုင်ဦးစီးမှူးရုံးများမှ ခရိုင်ဦးစီးမှူးများနှင့် အရာထမ်း ၊ အမှုထမ်းများ ပြင်ဦးလွင်ခရိုင်နှင့် ညောင်ဦးခရိုင်ရုံးများမှ ခရိုင်တာဝန်ခံများနှင့် ဝန်ထမ်းများက Zoom ဖြင့်တက် ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက အဖွင့်အမှာစကားပြော ကြားရာတွင် “Thursday Talk” ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားစေရန်နှင့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က “စာနယ်ဇင်းကျင့်ဝတ်နှင့်သတင်းဟူသည်” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး မှ ဒေါ်မော်မော်အောင် (ဒု-ဦးစီးမှူး)က “စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ Consumer Call Center နှင့်ပတ်သက်သည့်လုပ်ထုံးလုပ်နည်းများဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့်၎င်းဟောပြောဆွေးနွေး ခဲ့ကြ သည်။ ဟောပြောဆွေးနွေး ချက်များအပေါ် တိုင်း၊ခရိုင်ရုံးများမှဝန်ထမ်းများက comment ပေးခဲ့ကြပြီး တိုင်းဒေသကြီးဦးစီးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)