ဈေးအေးနေတဲ့စက်တင်ဘာလ မတ်ပဲဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံ ရောင်းဝယ်ရေး ပွဲရုံများတွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ယခင်ဩဂုတ်လတွင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းနှင့် ယခုစက်တင်ဘာဈေးမှာ ကွာဟမှုရှိသည်ကို တွေ့ရှိရပါသည်။ ယခင် ဩဂုတ်လ စတုတ္ထပါတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်းမှာ ပိဿာ (၂၀) (၁)တင်းလျှင် (၉၅၅၀၀-ကျပ်မှ၉၃၅၀၀-ကျပ်)ဈေးဖြင့် ဈေးပိတ်ခဲ့ပါသည်။ ယခုစက်တင်ဘာလ ပထမပတ် အဖွင့်ဈေးမှာ (၉၃၅၀၀-ကျပ်မှ ၉၅၀၀၀-ကျပ်)အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒုတိယပတ်အတွင်း ဈေးနှုန်းများ အတက်အကျ အနည်းအငယ်ရှိပြီး (၉၅၀၀၀-ကျပ်မှ၉၅၅၀၀-ကျပ်)အတွင်းသာ ရောင်းဝယ်ခဲ့ပါသည်။ ယခုတတိယပတ်တွင် အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းမှာ ပြန်လည်၍ ဈေးကျသွားပြီး ပိဿာ(၂၀) (၁)တင်းကို (၉၅၀၀၀-ကျပ်မှ ၉၃၅၀၀-ကျပ်)အထိသာ အရောင်းအဝယ်ဖြစ်နေသည်ကို လေ့လာသိရရှိရပါသည်။ အရောင်းအဝယ်ဖြစ်မှု အခြေအနေကတော့ တောင်သူများမှာ ရောင်းချမှု အနည်းငယ်သာရှိပြီး လှောင်ပဲများကိုသာ တင်ပို့နေရကြောင်း ပွဲရုံများမှ လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)