ဘိုကလေးမြို့ (၁) ရပ်ကွက် ၊ စက်မှုမြေလမ်းရှိ “ဇေယျာထွန်း” ရေခဲစက်သို့ ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့ ၊ အမှတ်(၁) ရပ်ကွက်၊ စက်မှုမြေလမ်းရှိ ဇေယျာထွန်း ရေခဲစက်သို့ MSMEs ဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

      မြို့နယ်တာဝန်ခံမှ ရေခဲစက်ပိုင်ရှင် ဦးသန်းစိုးအား MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် မေးမြန်းခဲ့ရာ ရေခဲတစ်နေ့ ထုတ်လုပ်မှုအနေဖြင့် ၃၀၀ ပေါင် ရေခဲတုံး (၁၀၀) တုံး ထုတ်လုပ်နိုင်ပြီး ဈေးနှုန်းအနေဖြင့် (၁) တုံးလျှင် (၉၀၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ လုပ်သားအင်အား (၄) ဦးခန့်ရှိပြီး လုပ်ခလစာအနေဖြင့် တစ်လလျှင် (၂၅၀၀၀၀) နှုန်းပေးချေပြီး လုပ်ငန်းလည်ပတ်လျက် ရှိပါသည်။

     မြို့နယ်တာဝန်ခံမှ လုပ်ငန်းလည်ပတ်ရာတွင် အသုံးပြုသော ကိရိယာများ၊ ထုတ်လုပ်သည့် ရေအ မျိုးအစားနှင့် လုပ်ငန်းခွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ MSMEs ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကွင်းဆင်း စိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)