
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူး၊ မြန်အောင်မြို့နယ် ဦးစီးမှူးတို့သည် (၁၅.၉.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၄:၃၀)အချိန်တွင် မြန်အောင်မြို့နယ်၊ အင်ပင်မြို့ရှိ စားအုန်းဆီလက်လီကိုယ်စား လှယ်ဆိုင်၌ ရပ်ကွက်နေ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီဖြန့်ဖြူး ရောင်းချနေမှုများအား ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ မြန်အောင်ခရိုင် ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ် ဆင့် ခွဲတမ်းရရှိသောဆီများအား အင်ပင်မြို့ရှိ ဆီထုတ်ကိုယ်စားလှယ်မှ တစ်ဆင့် စားသုံးသူများ ထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေး ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များ ထားရှိခြင်း၊ သတ် မှတ်ရည် ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး သတ်မှတ်ရည်ညွှန်းဈေး ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)