“ ကွမ်းခြံကုန်းမြို့နယ်တွင်စားအုန်းဆီလက်လီလက်ကားဖြန့်ဖြူးရောင်းချသောဆိုင်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးနှင့်ဝန်ထမ်းများ၊ ဆီကုန်သည် များအသင်းမှ ဦးကျော်ဇင်သင်း၊ ဇဗ္မူကံထွန်းဆီကုမ္ပဏီ ဒါရိုက်တာ ဦးဇေယျာချစ်၊ ကွမ်းခြံကုန်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ(၁၇)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားအုန်းဆီလက်ကား ဖြန့်ဖြူး ရောင်းချသောဆိုင်များသို့ သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးမှ မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများသို့ စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးမှုအခြေအနေနှင့်ပတ်သတ်၍ ဆီကိုယ်စား လှယ်အား တွေ့ဆုံမေးမြန်းခြင်း၊ အိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့် လစဉ်၊. အပတ်စဉ် ရောင်းချမှုပုံစံနှင့် ဈေးနှုန်းမှန်ကန်မှုရှိ/မရှိ  ကွင်းဆင်းကြည့်ရှု့စစ်ဆေးပြီး စားသုံးသူရေးရာဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးက စားအုန်းဆီကိုယ်စားလှယ်များနှင့်အတူ အိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့် ဝယ်ယူသည့် စားသုံးသူများထံ အိမ်တိုင်ရာ ရောက်တွေ့ဆုံ၍ ဆီဝယ်ယူရရှိမှု အခြေအနေများနှင့် ပတ်သတ်၍ အမှန်တကယ်ရရှိခြင်းရှိ/မရှိ ဆီစာအုပ်များအား တောင်ယူ၍ ကြည့်ရှု့စစ်ဆေးခြင်းများ၊ စားအုန်းဆီလက်လီဖြန့်ဖြူးရောင်းချနေမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးပြီး ဝယ်ယူသည့် စားသုံးသူများနှင့်တွေ့ဆုံ၍ သိရှိလိုသည်များအား မေးမြန်းစုံစမ်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)