
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် တာဝန်ခံသည်(၁၄.၉.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၅:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်(၄၅)ဦးအား စားသုံးသူကာကွယ်ရေး ဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေသော လုပ်ငန်းသုံးစားအုန်းဆီများအား လုပ်ငန်းခွင်များတွင် မှန်ကန်စွာ အသုံးပြုနိုင်ရေးများနှင့်ပတ်သက်၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ဥပဒေပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည် အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့်အချက်များကို သတ်မှတ်ချက်များနှင့်အညီ သိသာထင် ရှားပြီး ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရမည်ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသည့် ကုန်စည်နှင့်သက်ဆိုင်သည့် အချက်အလက် သို့မဟုတ် အမှတ်အသားကို ခေါ်ဆိုတာဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေး သားဖော်ပြရမည့်အချက်များမှာ ကုန်စည်၏အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကျိုတင်သတိပေးချက် စသည့်အချက်များကိုလည်းကောင်း၊ ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ Online ရောင်းချမှုများနှင့် ပတ်သက်၍လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ အာမခံချက်ရှိပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များဖော်ဆောင်ဖြည့်ဆည်းပေးရာတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန် ပူးပေါင်းဆောင် ရွက်ကြရမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ကုန်စည်များ ဈေးကွက်အတွင်း ရေရှည်တည်တံ့နိုင်မှာ ဖြစ်၍ စားသုံးသူများ၏ လိုအပ်ချက်ကို စိတ်စေတနာထား၍ မှန်ကန်သောဖြည့် ဆည်းမှုများ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
DOCA(မန္တလေး)