“ City Mart Supermarket အတွင်း စားသောက်ကုန်ပစ္စည်းများနှင့်လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင်မှုနှင့်ပစ္စည်းပြတ်လပ်မှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ရှိ  City Mart Supermarket အတွင်း ရောင်းချလျက်ရှိသည့် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင်မှုနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးရန်အတွက် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ငြိမ်းငြိမ်းဝင်း(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ငြိမ်းငြိမ်းဝင်း(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် City Mart Supermarket အတွင်း ရောင်းချလျှက်ရှိသည့် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ပြတ်လပ်မှုရှိ/မရှိ လိုက်လံကြည့်ရှု့စစ်ဆေးပြီး ဆိုင်တာဝန်ခံနှင့် တွေ့ဆုံကာ ၎င်းပစ္စည်းများနှင့် ပတ်သတ်၍ ယခင်လနှင့် ယခုလအတွင်း ဈေးနှုန်းမြှင့်တင်မှုရှိ/မရှိ အခြေအနေ အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါပစ္စည်းများမှာ ဈေးကွက်အတွင်း ပုံမှန် ဝင်ရောက်ပြီး ပြတ်လပ်မှုမရှိကြောင်း တွေ့ရှိရပြီး ဈေးနှုန်းများကိုလည်း အဆမတန် ဈေးနှုန်းမြှင့် တင်ရောင်းချမှုမပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)