ယခင်အပတ်ထက် ဈေးနှုန်း မြင့်တက်လာသော သစ္စာပန်း

Powered by Drupal

     ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း (အောင်သပြေ) အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။

    သစ္စာပန်းသည် မျိုးကွဲပေါင်းများစွာ အရောင်းအသွေးပေါင်းများစွာရှိပြီး လူအများ ကြိုက်နှစ်သက် သောပန်းဖြစ်ပြီး ဩဂုတ်လဆန်းပိုင်းတွင် စတင်ဖူးပွင့်လေ့ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော သစ္စာပန်း ဈေးနှုန်းအနေဖြင့် သစ္စာပန်း (ဟော်လန်)အပွင့်ကြီး(၅)ခက်ပါ တစ်စီးလျှင်(၂၅၀၀)ကျပ်၊ သစ္စာပန်း အပွင့်သေး စာကလေးပန်း (၅)ခက် ပါ တစ်စီးလျှင်(၂၀၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် ရောင်းချခဲ့ပြီး ယခု စက်တင်ဘာလ(စတုတ္ထပတ်)တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော သစ္စာပန်း ဈေးနှုန်းအနေဖြင့် သစ္စာပန်း(ဟော်လန်) အပွင့်ကြီး (၅)ခက်ပါ တစ်စီးလျှင်(၃၀၀၀)ကျပ်၊ သစ္စာပန်း အပွင့်သေး စာကလေးပန်း (၅)ခက်ပါ တစ်စီးလျှင် (၂၅၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် သစ္စာပန်း တစ်စီးလျှင် (၅၀၀) ကျပ် ဈေးနှုန်း မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။     

DOCA(စစ်ကိုင်း)