မအူပင် ရေကျော်‌အလယ်တန်း‌ကျောင်း မုန့်ဈေးတန်း စစ်ဆးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ လေလဲကျေးရာ ရေကျော်အခြေခံပညာ အလယ်တန်း ကျောင်းဝင်းအတွင်း ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းအား အစားအသောက် လုံခြုံစိတ်ချ စေရေး အတွက် ၁၉-၉-၂၀၂၅ နေ့လည် ၁၂နာရီအချိန်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

    ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးကော်မတီဝင်များ ပူးပေါင်း ၍  ကျောင်းမုန့်ဈေးတန်းရှိ အစားအသောက်များကို ယင်မနားအောင် ဖုံးအုပ်ထားခြင်းရှိ/မရှိနှင့် သန့်ရှင်းသပ်ရပ်ခြင်းရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးရောင်းချနေသူများအား အစားအသောက် ဘေးအန္တရာယ်ကင်းရေး၊ ကျန်းမာရေးထိခိုက်စေသည့် ဆိုးဆေးနှင့်တာရှည်ခံဓာတုဆေးများ၊ အန္တရာယ် ကင်းသော အစားအစာရရှိရေးအတွက် အဓိကဆောင်ရွက်ရမည့် အချက်(၅) ချက်ပါဝင် သည့် လက်ကမ်း စာစောင်များကိုဖြန့်ဝေပေးခဲ့သည်။

DOCA(ဧရာဝတီ)