MOON SUN စက်သုံးဆီအရောင်းဆိုင်သို့ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး) သည် (၁၅-၉-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၀၅) အချိန်တွင် မြောက်ဥက္ကလာပမြို့နယ် (MOON SUN) စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင်  စက်သုံးဆီအရောင်းဆိုင်များ၏ ယနေ့ရောင်းဈေး တစ်လီတာလျှင် (92-၂၉၂၅ ကျပ်)၊ (95-၂၉၉၅ ကျပ်)၊ (HSD-၂၅၇၅ကျပ်)၊ (PHSD-၃၁၇၅ကျပ်) တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီရောင်း ချမှုအခြေအနေများ၊ စက်သုံးဆီဈေး နှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ်မှန်ကန်မှု ရှိ/မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေ များနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေးအသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)