ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် လူသုံးကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး အောင်လွင်နှင့် ဝန်ထမ်းများက (၁၉-၉-၂၀၂၅)ရက်နေ့ နေ့လည် ၁၂နာရီအချိန်က ညောင်တုန်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် လူသုံးကုန်ပစ္စည်းများဖြစ်သော ဆပ်ပြာအမျိုးမျိုးနှင့် သွားတိုက်ဆေးအမျိုးမျိုးတို့တွင် သတ်မှတ်ကုန်ညွှန်းအမှတ်အသားများ၊ အလေးချိန်ပါဝင်မှု ပြည့်စုံခြင်း ရှိ/မရှိကို မြို့နယ် အထွေထေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    အဆိုပါကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဆပ်ပြာအမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုး စသည့်ကုန်ပစ္စည်းများတွင် သတ်မှတ်ထားသော ကုန်ညွှန်းအမှတ်အသားနှင့် အလေးချိန်ပါဝင်မှုပြည့်စုံမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာ ရောင်းချသွားရန် ကုန်စုံဆိုင်ရောင်းချသူများအား အသိပညာပေးပြောကြားခဲ့ကြောင်း  သိရသည်။

DOCA(ဧရာဝတီ)