မအူပင်မြို့နယ် အတွင်းရှိ ဆေးပစ္စည်းအမျိုးမျိုးနှင့် အလှကုန်ပစ္စည်းအမျိုးများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

  မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်‌ကဲ‌ရေးကော်မတီမှ တာဝန်ရှိသူများ ဖိတ်ကြားချက်အရ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဆေးဝါးပစ္စည်အရောင်းဆိုင်နှင့်  အလှကုန်ပစ္စည်းအရောင်းဆိုင်တို့အား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀-၉-၂၀၂၅ ရက်နေ့  နံနက်ပိုင်းက လိုက်လံ‌ဆောက်ရွက်ခဲ့ကြသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက ရပ်ကွက်အသီးသီးတို့ရှိ လိုင်စင်ရ ဆေးဝါးအရောင်းဆိုင်များနှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်များ၌ သတ်မှတ်လိုင်စင်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းခြခြင်း ရှိ/မရှိ၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးခြင်း၊ ဆေးဝါးပြတ်လပ်မှု ရှိမရှိ၊ တားမြစ်အလှကုန်များ ရောင်းချမှု ရှိမရှိတို့တို့အား လိုက်လံစစ်ဆေးကာ ဆေးဆိုင်၅ဆိုင်နှင့် အလှကုန်ဆိုင် ၁၀ဆိုင် တို့အား စစ်ဆေးခဲ့ပြီး လိုအပ်သည်တို့ကို အသိပညာပေးညှိနှိုင်းဆွေးနွေးခဲ့ကြ‌သည်။

   အဆိုပါကွင်းဆင်းစစ်‌ဆေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)