စားသုံးသူကာကွယ်ရေး အကြောင်း ပြည်သူများအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

   ၁၉-၉-၂၀၂၅ ရက်နေ့၊ ညနေ  (၁၅:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး နှင့်  ဝန်ထမ်းများသည် မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး ခန်းမအတွင်း၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 

          ယင်းဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူ ကာကွယ် ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောခဲ့ပြီး  စားသုံးသူ ကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏တာဝန်နှင့်ဝတ္တရား များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

  အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ အမှတ် ၁ရပ်ကွက်၊ အမှတ် ၂ရပ်ကွက် နှင့် အမှတ် ၃ ရပ်ကွက်မှ ပြည်သူ (၁၂၀)ဦးအား လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးအပ် ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)