
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်နှင့် စားသုံးဆီကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍(၂၀.၉.၂၀၂၅)ရက်နေ့ မွန်းလွှဲ(၁၅;၃၀) နာရီက အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးဆီလက်လီ၊ လက္ကား လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော စားသုံးဆီ လက်လီ၊ လက္ကားလုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်း ဈေးထက်ပိုမိုရောင်းချခြင်းမပြုကြရန်၊ စားအုန်းဆီဖြန့်ဖြုးမှုနှင့် ပတ်သက်ပြီး၊ မှတ်တမ်း(၆)မျိုး ဖြစ်သော မှန်(၆)မှန်အား ရှင်းလင်းအသိပေးခြင်း၊ စားသုံးသူပြည်သူများအား ဆီစာအုပ်ဖြင့် ထုတ်ပေးရာတွင် အကြိမ်ရေမှန်ကန်အောင်ရောင်းချပေးနိုင်ရေး၊ အရည်အသွေး အလေးချိန် မှန်ကန်အောင်ရောင်းချနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချကြရန်၊ ရောင်းချမှုအားမှတ်တမ်း ထားရှိဆောင်ရွက်ကြရန်၊ စားအုန်းဆီလက်လီ၊ လက္ကားရောင်းချသောလုပ်ငန်းရှင်များသို့ အသေးစိတ် ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၁၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)