“လမ်းမတော်မြို့နယ်ရှိဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်)ကုမ္ပဏီအားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန် ဆောင်မှု)ဆောင်ရွက်နေသော Kinetic Myanmar Technology Co.ltd အား စက်တင်ဘာလ (၁၉)ရက်နေ့၊ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

           အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် လမ်းမတော်မြို့နယ် အမှတ်(၁၉၅)၊ အခန်း(၁)ဘီ၊ ကီလီရိပ်သာလမ်းရှိ Kinetic Myanmar Technology Co.ltd သို့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာ များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)နှင့်အညီ ဆောင်ရွက်နေခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများအား ရယူခြင်း၊ စားသုံး သူများသိသင့်သိထိုက်သည့် အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ဖော်ပြထားခြင်းရှိ/မရှိ တို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထို့ပြင် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်မှ အဆိုပါ ကုမ္ပဏီမှ တာဝန်ယူများအား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားထားသည့် အချက်အလက် များနှင့်ပတ်သတ်၍ အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ စားသုံးသူများ၏ နေ့စဉ်ဘဝ ကိစ္စရပ်များ အဆင်ပြေချောမွေ့နေစေရန်နှင့် စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးကြရန်နှင့် စားသုံးသူများ စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူ အလွယ်တကူ ခေါ်ဆိုနိုင်အောင် ဆောင်ရွက်ထားကြရန်၊ တိုင်ကြားလာမှုများရှိပါက အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)