
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အောင်မျိုးသိန်းဆန်စက်၊ ရွှေရောင်လင်း ဆန်စက်၊ လရိတ်စံဆန်စက်နှင့် ရတနာအေး ဆန်စက်များမှ စက်ပိုင်များထံသို့ ကွင်းဆင်းလေ့လာစုံစမ်းမှုအရ ၂၀၂၅ခုနှစ် စက်တင်ဘာလ ပထမပါတ်တွင် ဆန်/စပါး ကြိတ်ခွဲရောင်းချမှုအနေဖြင့် GW တင် ၁၀၀လျှင် စက်အရောက်ဈေး (၁၂၅၀၀၀၀/-)ကျပ် ကရင်မစပါး တင်း ၁၀၀လျှင် (၁၂၄၀၀၀၀/-)ကျပ်၊ စပါးအရောင်းအဝယ်ဖြစ်နေပြီး ယခင်အပတ် စပါးဈေးနှုန်းထက် စပါးဈေးအနည်းငယ်မြှင့်တက်လျက်ရှိကြောင်း စက်ပိုင်များ၏ ပြောပြချက်အရ သိရှိရပါသည်။
မအူပင် kkkဆန်ဆိုင်နှင့် စည်ပင်သာယာဈေးများအတွင်းရှိ ဆန်အရောင်းဆိုင်များမှ ပေါ်ဆန် တစ်အိတ်လျှင် ၅၆၀၀၀/-၊ ဧည့်မထ ဆန်တစ်အိတ်လျှင် ၄၃၀၀၀/-၊ နှင့် နှံကား ဆန်တစ်အိတ်လျှင် ၄၂၅၀၀/-၊ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်တွင်ကျယ်လျက်ရှိကြောင်း လေ့လာစုံစမ်းသိရှိရပါသည်။
ရန်ကုန်ဘုရင့်နောင်ပွဲရုံများမှ ဧည့်မဝ ဆန်တစ်အိတ်လျှင် ၄၁၅၀၀/-နှင့် ၄၂၀၀၀/-များဖြင့် ဝယ်လိုအား ရရှိနေကြောင်း မအူပင်လှေဆိပ်တာကောက်ရှိ စက်ပိုင်များထံမှ သတင်း ရရှိပါသည်။
DOCA(ဧရာဝတီ)