ကိုးသုံးလုံး သောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံခြင်း

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်(:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး)ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်းကာ   တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေ့လေလန် ကျေးရွာရှိ ကိုးသုံးလုံးသောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် ကိုးသုံးလုံးသောက်ရေသန့်သည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကိုစစ်ဆေးတွေ့ရှိရပါသည်။ ထိုနောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အားစားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးကိုအလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှုအဆင့်တိုင်း စနစ်တကျရှိစေရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုလိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)