အခြေခံပညာစာသင်ကျောင်းတွင်စားသုံးသူကာကွယ်ရေး အသိပညာပေး‌ဟောပြောခြင်း

Powered by Drupal

        ၂၀၂ခုနှစ်၊ စက်တင်ဘာ၁၂ ရက်နေ့၊ နံနက်(:၀)နာရီတွင် ကော့သောင်းမြို့ ချောင်းဝကျေးရွာ၊ မူလွန်(ချောင်းဝ)စာသင်ကျောင်းတွင် ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီး ဌာနမှ ဒေါ်မြ သီတာ (ဦးစီးအရာရှိ)သည် ကျောင်းဆရာ/ဆရာမမျာ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၇၀)ဦးအား စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ၏ အခွင့်အရေး နှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်း ဆိုနိုင်သည့်အခွင့်အရေး၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပြီး မူလွန်(ချောင်းဝ)စာသင်ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများအား သက်တန်းလွန်စားသောက် ကုန်များနှင့်စားသုံးရန်မသင့်သောစားသောက်ကုန်များအားစစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ် အသားဖော်ပြပါရှိသော စားသောက်ကုန်များရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)