
ပဲကြီးသီးနှံမှာ ပြည်တွင်း ၌စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက် လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်စက်တင်ဘာလတတိယပတ်အတွင်းဖြစ်ပေါ် လျှက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲကြီး(ကြီး)၄၀၀၀၀၀ကျပ်နှင့် ၄၁၀၀၀၀ကျပ်၊ ပဲကြီး (လတ်)၃၆၀၀၀၀ကျပ်နှင့်၃၈၀၀၀၀ကျပ်၊ပဲကြီး(သေး)၃၀၀၀၀၀ကျပ်နှင့်၃၄၀၀၀၀ကျပ်၊တစ်ပိဿာ စျေးမှာပဲကြီး (ကြီး) ၇၂၄၀ကျပ်နှင့် ၇၄၂၁ ကျပ်၊ ပဲကြီး(လတ်)၆၅၁၆ကျပ်နှင့် ၆၈၇၈ကျပ်၊ ပဲကြီး (သေး)၅၄၃၀ကျပ်နှင့်၆၁၅၄ကျပ်ဖြစ်ပြီး၊ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာပဲကြီး(လတ်)၄၇၀၆ ကျပ်နှင့်၅၀၆၈ကျပ်၊ ပဲကြီး(သေး)၄၂၅၃ကျပ်နှင့်၄၄၃၄ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ယခုနှစ်နှင့် ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)