ကျိုက်ထိုမြို့နယ်အတွင်းရှိ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော DUMEX DUPRO အမှတ်တံဆိပ်ခလေးငယ် ဖော်စပ်စာအတုရောင်းချနေမှုအား စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

Powered by Drupal

     ၂၂.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာ အတုရောင်းချနေမှု ရှိ/မရှိ  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

     အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများနှင့် ပူးပေါင်း အဖွဲ့သည် ကျိုက်ထိုမြို့နယ်အတွင်း၌ DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာ အတုရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ စျေးကွက်အတွင်း DUMEX DUPRO အမှတ်တံဆိပ် ခလေးငယ်ဖော်စပ်စာအတုများ ရောင်းချနေမှုမရှိကြောင်း တွေ့ရှိရပါသည်။

      ထိုသို့ စျေးကွက်ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေး အဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)