
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင် ကျင်းပသော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက် (၉)နာရီခွဲအချိန်ကဖျာပုံမြို့ အထက (၃)ကျောင်း မြမဥ္ဇူခန်းမ၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Video Clip အားပြသပြီး ဖျာပုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာလှိုင်က ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊အိုဇုန်းလွှာ၏ အဓိပ္ပါယ်၊ခရမ်းလွန်ရောင်ခြည်လှိုင်း အမျိုးစားများ၊ခရမ်းလွန် ရောင်ခြည်ကို ကာကွယ်ရန်နည်းလမ်းများနှင့်၂၀၂၅ ခုနှစ်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သော "အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး"ဟူသောဆောင်ပုဒ်နှင့်အညီ အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာများအားအသိပညာပေး ဟောပြောသည်။ ထိုနောက်၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ခရိုင်အဆင့်ကျင်းပပြုလုပ်သည့် အထက်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား၊ကျေင်းသူများအား ဖျာပုံခရိုင်ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ထွန်း၊ ဖျာပုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ် ဥမ္မာလှိုင်၊မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်တို့က ဆုများအသီးသီးပေးအပ်ကြရာ ဆုရကျောင်းသား၊ ကျောင်းသူများကလက်ခံရယူကြသည်။ဆက်လက်၍ဖျာပုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဒေါ် ဥမ္မာလှိုင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆရာများလက်စွဲ စာအုပ်များပေးအပ်ရာ အထက (၃)ကျောင်းအုပ်ဆရာမကြီးကလက်ခံရယူခဲ့ကြောင်းသတင်းရရှိပါသည်။
( Docaဧရာဝတီ)