ဘိုကလေးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများဆောင်ရွက်

Powered by Drupal

                           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ  အခြေခံပညာမူလတန်းလွန် (ဓမ္မာရုံ)ကျောင်းသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်(၁၀)နာရီ အချိန်၌ ကွင်းဆင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး၊ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်အတူ ပြပွဲများ ကျင်းပဆောင်ရွက်သည်။

                 အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စာဖတ်ခြင်းကြောင့် ရရှိလာနိုင်သည့် ရလဒ်ကောင်းများ၊ စာပေဖတ်ရှုလေ့လာနိုင်ရေး တိုက်တွန်းမှုများစသော စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများ ဟောပြောခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းအေးက ဆိုးဆေးအန္တရာယ်များအကြောင်း၊ သက်တမ်းလွန် အစားသောက်များနှင့် အန္တရာယ်ရှိသော အစားအစာများအား ဝယ်ယူစားသုံးမှု မရှိစေရေးအတွက် အသိပညာပေး ဟောပြောသည်။ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကဏ္ဍစုံ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစုံ စာအုပ်စာပေများ ခင်းကျင်းချိတ်ဆွဲ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)