
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ မိဘပြည်သူများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် စက်တင်ဘာလ(၁၉)ရက်၊ နေ့လယ်ပိုင်းက ကျေးရွာများအရောက် စားသုံးဆီများသွားရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါစားသုံးဆီရောင်းချရာတွင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်း နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ ကြီးမှူး၍ အောင်သပြေခိုင် ကုမ္ပဏီမှ ဖြန့်ဖြူးသည့် စားသုံးဆီ (၁)ပိဿာလျှင် (၇၂၁၇)ကျပ်နှုန်းဖြင့် ထင်းကွင်းကျေးရွာ နှင့် ကလပ်ရပ်ကျေးရွာ ရှိ မိဘပြည်သူများအား စားသုံးဆီဖူလုံစေရေးအတွက် ရောင်းချပေးခြင်း ဖြစ်ကြောင်းသိရသည်။ ထို့နောက် ကျိုက်လတ်မြို့နယ် ဆီကုန်သည်ကြီးများ အသင်းနှင့် ဆီလုပ်ငန်းရှင်များ ပူးပေါင်း၍ သတ်မှတ်ရက်များ အလိုက် မြို့ပေါ်ရပ်ကွက်ကြီး များနှင့် ကျေးရွာများတွင်လည်း အခြေခံလူတန်းစားများ စားသုံးဆီကို ဈေးနှုန်း ချိုသာစွာ ဝယ်ယူနိုင်ရန် လှည့်လည်၍ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
DOCA (ဧရာဝတီ)