၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ Thursday Talk အသိပညာပေးဟောပြောပွဲ နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းသင်တန်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ အရာထမ်း (၃) ဦး၊ အမှုထမ်း (၁၇) ဦး တက်ရောက်ခဲ့ပါသည်။
ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်တင်တင်အေး (ဒုတိယဦးစီးမှူး) နှင့် ဒေါ်ထူးအိန္ဒြာဗိုလ် (ဒုတိယဦးစီးမှူး) တို့က “စားသုံးသူကာကွယ်ရေးဉပဒေ အကြောင်းသိကောင်းစရာ” နှင့် “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြော ခဲ့ကြပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူတွေရဲ့ အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဉပါဒ်အန္တရာယ် ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါ အချက် အလက်များ၊ လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ပါက ကျခံရမည့် ဉပဒေပုဒ်မများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
DOCA(ရှမ်း)
