အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုးအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ဝန်ထမ်းများသည်(၂၄.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကလောမြို့ပေါ်ရှိ ကုန်စုံဆိုင် များတွင် အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံ စွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး သတ်မှတ် စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေး ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)